အသတ္ခံရၿပီးေသမွာကို ႀကဳိတင္သိခဲ့တဲ့ သမၼတႀကီး ေအဗရာဟမ္လင္ကြန္းရဲ႕ အိပ္မက္ဆန္း

Posted on

အေမရိကန္ သမၼတမ်ားထဲမွာ သမၼတလင္ကြန္းဟာ ကြ်န္ေတာ္တုိ႔နဲ႔ အရင္းႏွီးဆုံးျဖစ္မယ္ ထင္ပါတယ္။ အေမရိကန္သမၼတေတြထဲက အထူးခြ်န္ဆုံးသမၼထဲမွာပါ၀င္ၿပီး သူ႔ရဲ႕စြမ္းေဆာင္ခ်က္မ်ား ၊ ရုိးသားမႈမ်ားကို ယေန႔တုိင္ေျပာေနၾကရတုန္းပါ။ အေမရိကန္ျပည္တြင္းစစ္ကို အဆုံးသတ္ေပးသူ ၊ ျပည္ေထာင္စု ႏွစ္ျခမ္းမကြဲေအာင္ေဆာင္ရြက္သူ ၊ ကြ်န္စနစ္ကုိဖ်က္သိမ္းေပးသူ စတဲ့ေျပာမကုန္တဲ့ ဂုဏ္ပုဒ္ေတြနဲ႔ ျပည့္ေနသူတစ္ဦးျဖစ္ပါတယ္။

မည္မွ်ပင္ ထူးခြ်န္ထက္ျမက္သူျဖစ္ေသာ္လည္း မႀကဳိက္တဲ့သူကေတာ့ အနည္းနဲ႔အမ်ားရွိဆဲပင္။ သမၼတႀကီးလင္ကြန္းဟာ ၁၈၆၅ခုႏွစ္ ဧၿပီ ၁၄ ရက္ေန႔ ၀ါရွင္တန္က ဖုိ႔ဒ္ျပဇာတ္ရုံအတြင္း ျပဇာတ္ၾကည့္ေနစဥ္အတြင္းမွာ ျပဇာတ္မင္းသား John Wilkes Booth က ေသနတ္နဲ႔ပစ္ခါ လုပ္ႀကံခဲ့ျခင္းျဖစ္ပါတယ္။ ေသနတ္ က်ည္ဆံဟာ သမၼတႀကီးရဲ႕ဦးေခါင္းတည့္တည့္ကိုေဖာက္ထြက္သြားေပမယ့္ ခ်က္ခ်င္းမေသေသးပဲ ေနာက္တစ္ေန႔မွ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

လင္ကြန္းဟာ သူလုပ္ႀကံမခံရခင္ ဧၿပီလ ၁၁ရက္ေန႔က ထူးဆန္းတဲ့ အိပ္မက္တစ္ခုကို မက္ခဲ့တဲ့အေၾကာင္း သူငယ္ခ်င္းျဖစ္သူ Ward Hill Lamon ကုိ ေျပာျပခဲ့ပါတယ္။ သူ႔ရဲ႕ေန႔စဥ္မွတ္တမ္း ဒုိင္ယာရီထဲမွာလည္း အိပ္မက္ရဲ႕အေၾကာင္းကို ေရးထားခဲ့ပါတယ္။ သူဟာ တျခားသူရဲ႕အသတ္ခံရေတာ့မယ္ဆုိတာကို ဒီအိပ္မက္အရ ႀကဳိတင္သိခဲ့တယ္လုိ႔ ဆုိရမွာျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔ ျမန္မာအယူအဆနဲ႔ ဆုိရင္ေတာ့ ေရွေျပးနိမိတ္ျဖစ္ပါတယ္။ သူ႔ရဲ႕အိပ္မက္ကေတာ့ ေအာက္ပါအတုိင္းျဖစ္ပါတယ္။

– အဲဒီညက ကြ်ႏု္ပ္အိပ္ယာ၀င္ေနာက္က်ခဲ့တယ္။ စအိပ္ေပ်ာ္ျခင္းမွာပဲ ထူးဆန္းတဲ့အိပ္မက္ကုိ မက္တယ္။ အိမ္ျဖဴေတာ္မွာ တစ္ေယာက္ေယာက္ေသေနၿပီလုိ႔ ကြ်ႏု္ပ္ထင္မိခဲ့တယ္။ လူေပါင္းမ်ားစြာရဲ႕ရႈိက္ႀကီးတငင္ငင္ ငိုေၾကြးေနတဲ့အသံကုိ ကြ်ႏု္ပ္ၾကားေနရလုိ႔ပဲျဖစ္တယ္။ အိမ္ျဖဴေတာ္မွာ ဘယ္သူေသတာလဲ ဆင္းၾကည့္ဦးမယ္ ဆုိၿပီးေအာက္ထပ္ကုိ ဆင္းလာခဲ့တယ္။ ငိုသံေတြၾကားေနရေပမယ့္ တစ္ေယာက္မွမေတြ႔ရပါ။ တစ္ခန္း၀င္ တစ္ခန္းထြက္ရွာခဲ့တယ္။ အခန္းတုိင္းမွာ မီးေတြထြန္းထားၿပီး ကြ်ႏု္ပ္နဲ႔ ရင္းႏွီးသလုိခံစားရတယ္။ လူေတြရဲ႕ငိုသံေတြ ပုိက်ယ္လာေပမယ့္ ဘာမွမေတြ႔ရတဲ့အတြက္ ပေဟဠိျဖစ္လာသလုိ စိုးရိမ္ထိတ္လန္႔စိတ္ေတြလည္း၀င္လာခဲ့တယ္။

မေတြ႔တဲ့အဆုံးမွာ ေၾကာက္လန္႔တဲ့စိတ္နဲ႔ပဲ အိမ္ျဖဴေတာ္အေရွ႕ဘက္အေဆာင္ဘက္ကို ထြက္လာလုိက္တယ္။ ငုိေနတဲ့လူအုပ္ႀကီးကို ေတြ႔ပါၿပီ။ သူတုိ႔အနားမွာ အေလာင္းစင္တစ္ခုခုကို ခမ္းခမ္းနားနားျပင္ထားပါတယ္။ အေလာင္းကုိ အသုဘဆုိင္ရာ အ၀တ္မ်ားျဖင့္ျပင္ဆင္ထားၿပီး ေဘးပတ္ပတ္လည္မွာေတာ့ စစ္သားေတြအထပ္ထပ္ ၀န္းရံေစာင့္ေရွာက္ေနတာကိုေတြ႔ရပါတယ္။ အေလာင္းရဲ႕မ်က္ႏွာကို အ၀တ္နဲ႔ အုပ္ထားတာေၾကာင့္ ဘယ္သူဘယ္၀ါမွန္းေတာ့မသိပါ။

“အိမ္ျဖဴေတာ္မွာ ဘယ္သူေသတာလဲ” ကြ်ႏု္ပ္ေမးလုိက္ေတာ့ အနီးက စစ္သားတစ္ေယာက္က ျပန္ေျဖပါတယ္။ “သမၼတႀကီးပါခင္ဗ်ာ ၊ ေသနတ္သမားတစ္ေယာက္လုပ္ႀကံသြားလုိ႔ သမၼတႀကီးေသသြားတာပါ” လုိ႔ေျဖလုိက္တဲ့အခ်ိန္မွာ အရမ္းေၾကာက္သြားတယ္။ အဲဒီေနာက္ေတာ့ ကြ်ႏု္ပ္အိပ္မက္က ႏုိးလာခဲ့တယ္။ အိပ္မက္တစ္ခုသာျဖစ္ေပမယ့္ အိပ္မက္မက္တဲ့အခ်ိန္က စလုိ႔ ဒီအိပ္မက္အေၾကာင္းဟာ ကြ်ႏု္ပ္စိတ္ထဲအၿမဲေရာက္ေနတယ္။ ကြ်ႏု္ပ္ကုိ အၿမဲေႏွာင့္ယွက္ေနခဲ့တယ္။

သမၼတႀကီးလင္ကြန္းဟာ ဒီအိပ္မက္ရဲ႕အေၾကာင္းကို ရင္းႏွီးသူမ်ားကိုေျပာျပခဲ့ပါတယ္။ အစုိးရအဖြဲ႔၀င္မ်ားအားေျပာခဲ့သလုိ သူ႔ရဲ႕ကိုယ္ရံေတာ္ W.H.Crook အားလည္းေျပာခဲ့ပါတယ္။ ကုိယ္ရံေတာ္ကိုေတာ့ သူဟာ ဒီအိပ္မက္ကို ဆက္တုိက္မက္ေနတာ ၃ရက္ရွိၿပီ ၊ ဒါေၾကာင့္ သူမၾကာခင္လုပ္ႀကံခံရေတာ့မယ္ထင္မိေၾကာင္း ေျပာခဲ့ပါတယ္။

ဇာတ္ပြဲၾကည့္တဲ့ညက သူ႔အားအႏၱရာယ္ရွိတာေၾကာင့္ လုံၿခဳံေရးပိုယူဖုိ႔ သတိေပးၾကေပမယ့္ သက္ေတာ္ေစာင့္တစ္ေယာက္ကုိသာေခၚသြားခဲ့ပါတယ္။ သူလုပ္ႀကံခံရေတာ့မယ္ကို သိသည့္အလား Good Night လုိ႔ႏႈတ္မဆက္ပဲ Good Bye လုိ႔ ႏႈတ္ဆက္ကာ ဇနီးျဖစ္သူနဲ႔အတူ ဖုိ႔ဒ္ကဇာတ္ရုံကို ထြက္ခြာခဲ့ၿပီး ပြဲၾကည့္ခဲ့ပါတယ္။  အဲဒီေနာက္ေတာ့ သူ႔အိပ္မက္ထဲကအတုိင္း ေသနတ္သမား John Wilkes Booth ရဲ႕ လုပ္ႀကံသတ္ျဖတ္ျခင္းကို ခံလုိက္ရတာပဲျဖစ္ပါတယ္။


အသတ်ခံရပြီးသေမှာကို ကြိုတင်သိခဲ့တဲ့ သမ္မတကြီး အေဗရာဟမ်လင်ကွန်းရဲ့ အိပ်မက်ဆန်း (unicode)

အမေရိကန် သမ္မတများထဲမှာ သမ္မတလင်ကွန်းဟာ ကျွန်တော်တို့နဲ့ အရင်းနှီးဆုံးဖြစ်မယ် ထင်ပါတယ်။ အမေရိကန်သမ္မတတွေထဲက အထူးချွန်ဆုံးသမ္မထဲမှာပါဝင်ပြီး သူ့ရဲ့စွမ်းဆောင်ချက်များ ၊ ရိုးသားမှုများကို ယနေ့တိုင်ပြောနေကြရတုန်းပါ။ အမေရိကန်ပြည်တွင်းစစ်ကို အဆုံးသတ်ပေးသူ ၊ ပြည်ထောင်စု နှစ်ခြမ်းမကွဲအောင်ဆောင်ရွက်သူ ၊ ကျွန်စနစ်ကိုဖျက်သိမ်းပေးသူ စတဲ့ပြောမကုန်တဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်နေသူတစ်ဦးဖြစ်ပါတယ်။ မည်မျှပင် ထူးချွန်ထက်မြက်သူဖြစ်သော်လည်း မကြိုက်တဲ့သူကတော့ အနည်းနဲ့အများရှိဆဲပင်။ သမ္မတကြီးလင်ကွန်းဟာ ၁၈၆၅ခုနှစ် ဧပြီ ၁၄ ရက်နေ့ ဝါရှင်တန်က ဖို့ဒ်ပြဇာတ်ရုံအတွင်း ပြဇာတ်ကြည့်နေစဉ်အတွင်းမှာ ပြဇာတ်မင်းသား John Wilkes Booth က သေနတ်နဲ့ပစ်ခါ လုပ်ကြံခဲ့ခြင်းဖြစ်ပါတယ်။ သေနတ် ကျည်ဆံဟာ သမ္မတကြီးရဲ့ဦးခေါင်းတည့်တည့်ကိုဖောက်ထွက်သွားပေမယ့် ချက်ချင်းမသေသေးပဲ နောက်တစ်နေ့မှ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

လင်ကွန်းဟာ သူလုပ်ကြံမခံရခင် ဧပြီလ ၁၁ရက်နေ့က ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို မက်ခဲ့တဲ့အကြောင်း သူငယ်ချင်းဖြစ်သူ Ward Hill Lamon ကို ပြောပြခဲ့ပါတယ်။ သူ့ရဲ့နေ့စဉ်မှတ်တမ်း ဒိုင်ယာရီထဲမှာလည်း အိပ်မက်ရဲ့အကြောင်းကို ရေးထားခဲ့ပါတယ်။ သူဟာ တခြားသူရဲ့အတ်ခံရတော့မယ်ဆိုတာကို ဒီအိပ်မက်အရ ကြိုတင်သိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာအယူအဆနဲ့ ဆိုရင်တော့ ရှေပြေးနိမိတ်ဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
– အဲဒီညက ကျွန်ုပ်အိပ်ယာဝင်နောက်ကျခဲ့တယ်။ စအိပ်ပျော်ခြင်းမှာပဲ ထူးဆန်းတဲ့အိပ်မက်ကို မက်တယ်။ အိမ်ဖြူတော်မှာ တစ်ယောက်ယောက်သေနေပြီလို့ ကျွန်ုပ်ထင်မိခဲ့တယ်။ လူပေါင်းများစွာရဲ့ရှိုက်ကြီးတငင်ငင် ငိုကြွေးနေတဲ့အသံကို ကျွန်ုပ်ကြားနေရလို့ပဲဖြစ်တယ်။ အိမ်ဖြူတော်မှာ ဘယ်သူသေတာလဲ ဆင်းကြည့်ဦးမယ် ဆိုပြီးအောက်ထပ်ကို ဆင်းလာခဲ့တယ်။ ငိုသံတွေကြားနေရပေမယ့် တစ်ယောက်မှမတွေ့ရပါ။ တစ်ခန်းဝင် တစ်ခန်းထွက်ရှာခဲ့တယ်။ အခန်းတိုင်းမှာ မီးတွေထွန်းထားပြီး ကျွန်ုပ်နဲ့ ရင်းနှီးသလိုခံစားရတယ်။ လူတွေရဲ့ငိုသံတွေ ပိုကျယ်လာပေမယ့် ဘာမှမတွေ့ရတဲ့အတွက် ပဟေဠိဖြစ်လာသလို စိုးရိမ်ထိတ်လန့်စိတ်တွေလည်းဝင်လာခဲ့တယ်။

မတွေ့တဲ့အဆုံးမှာ ကြောက်လန့်တဲ့စိတ်နဲ့ပဲ အိမ်ဖြူတော်အရှေ့ဘက်အဆောင်ဘက်ကို ထွက်လာလိုက်တယ်။ ငိုနေတဲ့လူအုပ်ကြီးကို တွေ့ပါပြီ။ သူတို့အနားမှာ အလောင်းစင်တစ်ခုခုကို ခမ်းခမ်းနားနားပြင်ထားပါတယ်။ အလောင်းကို အသုဘဆိုင်ရာ အဝတ်များဖြင့်ပြင်ဆင်ထားပြီး ဘေးပတ်ပတ်လည်မှာတော့ စစ်သားတွေအထပ်ထပ် ဝန်းရံစောင့်ရှောက်နေတာကိုတွေ့ရပါတယ်။ အလောင်းရဲ့မျက်နှာကို အဝတ်နဲ့ အုပ်ထားတာကြောင့် ဘယ်သူဘယ်ဝါမှန်းတော့မသိပါ။

“အိမ်ဖြူတော်မှာ ဘယ်သူသေတာလဲ” ကျွန်ုပ်မေးလိုက်တော့ အနီးက စစ်သားတစ်ယောက်က ပြန်ဖြေပါတယ်။ “သမ္မတကြီးပါခင်ဗျာ ၊ သေနတ်သမားတစ်ယောက်လုပ်ကြံသွားလို့ သမ္မတကြီးသေသွားတာပါ” လို့ဖြေလိုက်တဲ့အချိန်မှာ အရမ်းကြောက်သွားတယ်။ အဲဒီနောက်တော့ ကျွန်ုပ်အိပ်မက်က နိုးလာခဲ့တယ်။ အိပ်မက်တစ်ခုသာဖြစ်ပေမယ့် အိပ်မက်မက်တဲ့အချိန်က စလို့ ဒီအိပ်မက်အကြောင်းဟာ ကျွန်ုပ်စိတ်ထဲအမြဲရောက်နေတယ်။ ကျွန်ုပ်ကို အမြဲနှောင့်ယှက်နေခဲ့တယ်။

သမ္မတကြီးလင်ကွန်းဟာ ဒီအိပ်မက်ရဲ့အကြောင်းကို ရင်းနှီးသူများကိုပြောပြခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင်များအားပြောခဲ့သလို သူ့ရဲ့ကိုယ်ရံတော် W.H.Crook အားလည်းပြောခဲ့ပါတယ်။ ကိုယ်ရံတော်ကိုတော့ သူဟာ ဒီအိပ်မက်ကို ဆက်တိုက်မက်နေတာ ၃ရက်ရှိပြီ ၊ ဒါကြောင့် သူမကြာခင်လုပ်ကြံခံရတော့မယ်ထင်မိကြောင်း ပြောခဲ့ပါတယ်။ ဇာတ်ပွဲကြည့်တဲ့ညက သူ့အားအန္တရာယ်ရှိတာကြောင့် လုံခြုံရေးပိုယူဖို့ သတိပေးကြပေမယ့် သက်တော်စောင့်တစ်ယောက်ကိုသာခေါ်သွားခဲ့ပါတယ်။ သူလုပ်ကြံခံရတော့မယ်ကို သိသည့်အလား Good Night လို့နှုတ်မဆက်ပဲ Good Bye လို့ နှုတ်ဆက်ကာ ဇနီးဖြစ်သူနဲ့အတူ ဖို့ဒ်ကဇာတ်ရုံကို ထွက်ခွာခဲ့ပြီး ပွဲကြည့်ခဲ့ပါတယ်။  အဲဒီနောက်တော့ သူ့အိပ်မက်ထဲကအတိုင်း သေနတ်သမား John Wilkes Booth ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရတာပဲဖြစ်ပါတယ်။

Leave a Reply